Thursday, 5 April 2012


Memory Stick ကို Password ပေးရအောင်…..

ကျွန်တော်သဘောကျလွန်းလို့ ဒီအတိုင်းပဲ Copy ကူးပြီး တင်ပေးလိုက်ပါတယ်။ မိတ်ဆွေတို့အတွက် အသုံးကျမယ်လို့ ထင်ပါတယ်။
Windows 7 ကိုတဖြည်းဖြည်းနဲ့လူသုံးများလာသလို ၊လူကြိုက်လည်းများလာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Windows 7 ရဲ့  ပရိတ်သတ် ဖြစ်နေပါပြီ။အခုနောက်ပိုင်း User အများစုက သူတို့ရဲ့ Memory Stick လေးတွေကို Password လေးတွေ ပေးချင်ကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ MemoryStick ၀ယ်ရင် Password ပေးလို့ရလားဆိုပြီး ခဏခဏမေးသံ ကြားကြားနေရပါတယ်။ ဒီကိစ္စကို Windows 7 မှာ BitLocker ဆိုတဲ့ Function နဲ့ ဖြေရှင်းလို့ရပါတယ်။ ဘာ Software မှသုံးစရာမလိုပါဘူး။ ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တကွအောက်မှာဖေါ်ပြပေးထားပါတယ်ခင်ဗျာ။
ပထမဦးဆုံးအနေနှင့် မိမိ Password ပေးချင်သော Memory Stick ကို Computer မှာတပ်လိုက်ပါ။ ပြီးရင်Start >> Control Panelကိုသွားပါ။BitLocker Drive Encryption ဆိုတာကိုဖွင့်ပါ။ ပုံမှာ မြင်ရတဲ့အတိုင်း Box ကျလာပါလိမ့်မယ်။
(၁)
Image and video hosting by TinyPic
အနီရောင်အ၀ိုင်းအကြီးနဲ့ပြထားတာကတော့ကျွန်တော်တို့ Password ပေးမယ့် Drive ဖြစ်ပါတယ်။ အနီရောင်အ၀ိုင်းအသေးနဲ့ပြထားတဲ့ Turn on BitLocker ကို Click နှိပ်ပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။

No comments:

Post a Comment