Monday, 30 January 2012

Run Box ကိုပြုပြင် အသုံးပြုနည်း

2:16 PM နေမင်းခေတ် No comments


ဘလော့မိတ်ဆွေများကိုအခု တင်ပြပေးမယ့် နည်းလမ်းလေးကတော့ မိမိတို့ ကွန်ပျူ တာ RUN BOX မှ အလိုရှိရာ ဆော့ဝဲလ်တွေဆီ အလွယ်တကူသွားနိုင်ရန် Folder အသစ် နှင့် Shortcut အသစ်များထည့်သွင်း ရမည့် နည်းလမ်းများဖြစ်ပါတယ်. ဒီပြုပြင်နည်း ကတော့ အဆင့် ( ၃ ) ဆင့်ရှိပါတယ်.အောက်မှာပုံလေး တွေနှင့် တကွ ဖေါ်ပြပေးပါမယ်. အလိုရှိတဲ့ မိတ်ဆွေများ အောက်ကအတိုင်းလိုက်လုပ်ကြည့်လိုက်ပါ။

အဆင့် ( ၁ ) မိမိတို့ နှစ်သက်ရာ Folder အသစ်တစ်ခုတည်ဆောက်ပါ။ လွတ်လွတ်လပ်လပ်သိမ်းထားချင်ရင် C\Program အောက်မှာ တည်ဆောက်လိုက်ပါ။ ( အောက်ပုံ-)


တည်ဆောက်ပြီးတဲ့ ဖိုဒါလေးကိုဖွင့်လိုက်ပြီး အပေါ် address ထဲက စာတွေကို copy ကူးထားပါ။ ( အောက်ပုံ- )

အဆင့် ( ၂ ) My computer / Right Click / Properties ကိုသွားလိုက်ရင် System properties ဘောက် စ် ကျ လာပါလိမ့်မယ်. အပေါ်နားမှာ Advanced tab ကိုရှာ ကလစ်ပြီး Environment Variables ဆိုတာ ကို ထပ်ကလစ်ပါ. (အောက်ပုံ -)
ပြီးရင်အောက်ကပုံလေးအတိုင်း Environment Variables ဘောက်စ်ကျလာပါလိမ့်မယ်. အဲဒီမှာ System Variables အောက်ကအကွက်ထဲမှာ ရှိတဲ့ Path ကို click လိုက်ပြီး Edit ကို ထပ် Click ပါ။ ( အောက်ပုံ- )

ဘောက်စ်အသေးလေးတစ်ခုထပ်ကျလာရင် variable value ဘေးကအကွက်ထဲက စာသားတွေရဲ့ နောက်ဆုံး မှာ Semi column(;) ကို ရိုက်ပြီး အဲဒီနောက်မှာ ခုနက အပေါ်အဆင့် ( ၁ ) ရဲ့  address မှာ copy ကူးထားတဲ့ C:\Folder name ကို Paste လုပ်လိုက် OK အဆင့်ဆင့်သွားလိုက် ပါ။ (ေ အာက္ပံု- )



အဆင့် ( ၃ ) အပေါ်အဆင့် (၁ ) မှာ မိမိတည်ဆောက်ထားတဲ့ Folder ထဲမှာ short cut တည်ဆောက် ရမှာပါ.
Folder ကိုဖွင့် ပြီး လွတ် တဲ့နေရာမှာ Right Click/ New/ Click / Short cut /Click လိုက် ရင် မိမိတို Folder ထဲမှာရောက် လာပါလိမ့်မယ်. အဲဒီနောက် Browse ပါတဲ့ box တစ်ခုကျလာ ပါလိမ့်မယ်. မိမိဖွင့်လိုတဲ့ ဖိုင်(သို့)ဖိုဒါကို ရှာပြီးရွေးပေးပြီး OK /Next / Finish အထိ သွားပြီးရင်ပြီးပါပြီ။ (အောက်ပုံ - )


နောက်ဆုံးမိမိတို့ ဖိုဒါလေးထဲမှာ အောက်ကပုံလေးများ အတိုင်း Run Box မှ အလွယ်တကူခေါ်လို ရတဲ့ icon software များကို ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။( အောက်ပုံ - )
ကျေးဇူးတင်ပါတယ်...

No comments:

Post a Comment