Wednesday, 28 March 2012


Gtalk မှာ invisible လုပ်ရအောင်

4:11 PM | Posted by dingnoei zolen | 0 comments
ကိုယ် gtalk ပေါ်မှာ ရှိနေမှန်း မသိစေချင်တဲ့လူကိုတွေ့လို့ ဒါမှမဟုတ် သူငယ်ချင်းတွေကို စချင်လို့ ကိုယ့် account ကို invisible လုပ်ချင်ရင် gmail သုံးပြီးမှ အရင်က လုပ်လို့ရတယ်ဟုတ်?? အဲဒါက တခါတလေ connection အရမ်းနှေးလို့ gmail ကို Basic HTML view နဲ့ သုံးနေရတဲ့ အချိန် gmail chat ဖွင့်လို့မရတဲ့အချိန်တွေမှာဆို ဒုက္ခရောက်တယ်လေနော်...အခု Google Talk Labs Edition က ရိုးရိုး gtalk တွေရဲ့ available, busy , custom message စတဲ့ Status ရွေးတဲ့နေရာမှာ invisible ကိုပါထည့်ထားပေးတယ်လေ....နောက်ပြီး google calendar သုံးပြီး ကိုယ်လုပ်ချင်တာတွေကို alarm ပေးထားလို့လည်းရသေးတယ်...ဒါဆို တခါတလေ online မှာ chat နေလို့  လုပ်စရာအလုပ်တွေ မမေ့တော့ဘူးပေါ့နော် :P ..အချိန်တန်လို alarm လေး ပေါ်လာတော့ အမှတ်ရသွားမှာပေါ့....နောက်တော့လေ.. အရင် gmail မှာ ပဲ ရတဲ့ group chat လည်းလုပ်လို့ရတယ်...ဒါဆို ကွဲကွာတာကြာပြီဖြစ်တဲ့ သူငယ်ချင်း ၃၊၄ ယောက် online မှာ ပြန်ဆုံရင် chat box ၃၊၄ ခုနဲ့ တစ်ကွဲ တစ်ပြားchat နေစရာမလိုတော့ဘူးပေါ့...group chat ကို invite ပြီး အားလုံးတူတူ chat ရင် သတင်းလည်းပိုစုံတော့ အတင်းလည်းတော်တော် တုပ်လို့ကောင်းတာပေါ့နော်...(လုပ်နေကျတွေ :P)..ငယ်ငယ်တုန်းကလို ကျောင်းမှာ စကားဝိုင်းဖွဲ့ပြောရတဲ့ ခံစားချက်လေးတော့ပြန်ရတာပေါ့နော်..ဒါကြောင့် အားလုံးကို ပြန်မျှဝေလိုက်ပါတယ်...
ဒီနေရာတွင် download လုပ်ပါ 
Labels: 

No comments:

Post a Comment