Saturday, 26 May 2012



Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း

ကျနော်ပုံတွေနဲ့ ရေးပြဖို့ ရှိပေမယ့် အချိန်မရတာကြောင့် မှော်ဆရာလေးက


သူမျှဝေပေးပါ့မယ်ဆိုတာ အဆင်ကိုပြေရော ..ဟိုတလောက ချက်ဘောက်


ကနေမေးလာတဲ့သူငယ်ချင်းလည်းဒီလောက်ဆိုအဆင်ပြေမယ်ထင်ပါတယ်


Gtalk နဲ့ ဆိုင်တဲ့စာအုပ်ထဲမှာ ပါပြီးသားပါဗျာ ဒေါင်းပီးဖတ်ကြည့်လိုက်ပါ...။




 Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. တစ်ချို့ ဆို


၎-၅-၆ ခုထိရှိတာတွေ့ ဖူးပါတယ်.ဒီလို အကောင့်တွေများတော့ အကောင့်သစ်


ဖွင့်တဲ့နေရာမှာ Ph number တွေတောင်းလာတယ်...  အခုဆို Gmail အသစ်


ဖွင့်ဖို့ တော်တော်ကို  ခက်ခဲသွားပါပြီ..... .အခုတင်ပြချင်တာက   အကောင့်အ


ဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို   အကောင့်အသစ်ကို  တစ်ယောက်


ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။  အကောင့်တစ်ခု က သူငယ်ချင်း


အကုန်လုံးကို နောက်အကောင့်  တစ်ခုကို   ပြောင်းထည့်တာပေါ့ ။   အရင်ဆုံး


gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle


တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail


,inbox တို့ အပေါ်မှာ  Contact ဆိုပြီး ရှိပါတယ် ။  အဲ့ထဲကို ၀င် ..  ။အဲ့ဒါဆိုရင်


အဲ့မှာ  ကိုယ့်သူငယ်ချင်းတွေ  အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More


Action ဆိုတဲ့  နေရာလေးကို နှိပ် ပြီးရင်  export ...။ အဲ့လို export လုပ်လိုက်


ရင်တော့  google က  ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။    သူ့ အလို


လို .csv file ကို  ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။  တစ်နေရာရာမှာ save


လိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့   အကောင့် အသစ်ထဲကို ၀င် ..။ ခုန က


အဆင့်တွေအတိုင်း ပြန်သွား ။  ပြီးရင် More Action   ထဲမှာ   Import ကို နှိပ်


။ပြီးရင် ခုန က  ဒေါင်းလုပ် လုပ်ထားတဲ့   google.csv file ကိုရွေးပေးလိုက်ရင်


မိမိရဲ့ အကောင့်အဟောင်းထဲက  သူငယ်ချင်းတွေ   အားလုံးအကောင့်အသစ်


ထဲကိုတစ်ဦးချင်းစီ  လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။


ပြန်လည်မျှဝေသူက...မှော်ဆရာလေး    (hmawsayarlae@gmail.com)


နားမလည်သည်များကို  မှော်ဆရာလေးထံ မေးမြန်းနိုင်ပါကြောင်း........။ 

No comments:

Post a Comment