Saturday, 19 May 2012



 window မှာ နာမည်နဲ့ အချက်လက်တွေကို လိုသလိုပြောင်းနည်း

Brand your Windows With Any Name
ဒီပိုစ့်က နည်းပညာတစ်ရပ် အနေနဲ့ တင်ပြခြင်းသက်သက်ပါ မသိနားမလည်တဲ့သူတွေကို လိမ်ညာဖို့ အတွက် အသုံးမပြုဖို့ ကြိုတင်ပြောလိုပါတယ် ဒါတွေပြောနေတာ အကြောင်းရှိလို့ပါ အခု တင်ပြတဲ့ပိုစ့် ကို လုပ်တတ်သွားပြီဆိုရင် စက်တစ်ခုလုံးကအချက်အလက်တွေ အကုန်နီးပါး လိုက်ပြောင်းလို့ရနေလို့ပါ ဥာဏ်ရှိသလောက်ပေါ့လေ အခု အခြေခံလောက် သာသာလေးတင်ပေးလိုက်ပေမယ့် လမ်းကြောင်းပြပေးလိုက်သလို ဖြစ်နေတာပါ ကိုယ့်စက်ကို ဟက်တာဆိုပေမယ့်လဲဗျာ ဥာဏ်ကြီးတယ်ဆိုတိုင်း လုပ်ချင်ရာလုပ်ပြီးလိမ်ရောင်းဖို့ တော့ မဖြစ်သင့်လို့ပါ အခု ကျွန်တော် ပြပေးမယ့်နည်းက ၀င်းဒိုး System ကို ဟက်ပြပေးမှာဆိုတော့ နဲနဲတော့ အရေးကြီးတာပေါ့လေ ဒါပေမယ့် လုပ်နည်းက တအားလွယ်ပါတယ် အာကာဖြိုး ပေါက်ပေါက်ရှာရှာတွေ လုပ်ပြတတ်တယ်ဆိုပြီး ဘာဘာညာညာ တွေးပြီး အထင်မကြီးလိုက်နဲ့ နော် တစ်နေ့က ကိုညီနေမင်းနဲ့ဖုန်းစကားပြောရင်း ကျွန်တော်က ဟာ့ဝဲလ်ပိုင်းမကျွမ်းကျင်တော့ သင်ချင်တာကို ပြောမိရာက ကိုညီက အခြေခံပိုင်းအရင်သင်ပြီးမှ သင်ခွင့်ရှိမယ်လို့ပြောတယ်ဗျာ အဲကနေဆက်ပြီး ကိုညီကျွန်တော့ကို အခြေခံ ပိုင်းက မေးခွန်းဆယ်ခု ဖြေပြီးမှတက်ခွင့်ရမယ်ဆိုပြီးမေးခွန်းလေးငါးခုမေးတယ်ဗျ ကျွန်တော်သူမေးတာတွေ တစ်ခုမှ မဖြေနိုင်ဘူးလေ တကယ်မတတ်လို့လား မေးရင် ကျွန်တော် အဲလိုစာနဲ့ တစ်ခုမှ မပြောတတ်ဘူးဗျ တကယ်မသိတာလားဆိုပြန်ရင်လဲ အဲလိုလဲ မဟုတ်ဘူး သိတယ်ဗျ စာလိုမပြောတတ်တာလေ တော်တော်တော့ ခက်နေတာပဲ စာတွေ ပြန်ကျက်ရမလိုဖြစ်နေတာ ကျွန်တော်သင်တန်းမှာ သင်နေတဲ့ အချိန်မှာလဲ ဒါတွေကိုပဲ အထပ်ထပ်ပြောနေတာ သင်နေတာ ဒါပေမယ့် ကျွန်တော့ကို စာလိုလာပြောခိုင်းတစ်ခုမှ အဆီမငေါ်တည့်အောင်မပြောနိုင်တာ ကျွန်တော့အားနဲချက်လို့ပြောရမှာပဲ တကယ်တမ်း လက်တွေ့လုပ်မယ်ဆိုရင်တော့လုပ်နိုင်နေပြန်ရော ကိုညီနေမင်း သဘောထားကတော့ တော့အရှည်အတွက် ရည်ရွယ်မှန်း သိသာပါတယ် လေးစားစရာ ကျေးဇူးတင်ထိုက်စရာ ကောင်းတဲ့ ဆရာကောင်းတစ်ယောာက်ဖြစ်လာမှာပါ ကျွန်တော် ကိုယ်တိုင်က ကျွန်တော့်ဆီမှာလာသင်တဲ့ သူတွေကို  အခြေခံ အဆင့်မှာပဲ သင့်တော်တဲ့ A+ ပိုင်းတွေရော အခြားသင်တန်းတွေမှာ လယ်ဘယ် 4 လောက် မှာတောင် မသင်ရသေးတဲ့ အပိုင်းတွေရော သိထားသင့်တဲ့ နည်းပညာ သုတ တွေ ပါ ထည့်ပြီး သင်တာပါပဲ ကျွန်တော့ သင်ရိုးကိုက အခြေခံကို အားပြုထားတာပါ ကျွန်တော့်ဆီက အခြေခံပြီးတဲ့ သူဟာ လက်ရှိ နာမည်ကြီးတဲ့ KMD MCC စတဲ့ သင်တန်းတွေက လယ်ဗယ် 4 အဆင့်ပြီးသူတွေထက် သာအောင် သင်ရိုးကို 1 နှစ်နီးပါးလောက်ပြုစုထားတာပါ အခြေခံဆိုပေမယ့်လို့ တစ်နေ့ 3နာရီ ပိတ်ရက်မရှိသင်တာတောင် 4 လစာလောက် သင်ရမယ့် အသေးစိတ် သင်ရိုးလုပ်ထားတာပါ ဒါကြောင့် အခေါ်အဝေါ် တွေဘယ်လိုဖြစ်လာတယ် ဘယ်ကဆင်းသက်လာတယ်ဆိုတဲ့ ဗဟုသုတတွေတောင် မကျန်ရလေအောင်ထည့်ပြောပေးထားတာ ဒီလို စနစ်တကျ ပြုစု ပေးနိုင်ပေမယ့် ကျွန်တော့်ကို စာလိုမေးရင် ကျွန်တော် အဆင်ပြေအောင်မဖြေနိုင်ဘူးလေ စာသင်တာ ကောင်းတယ်လို့ ဆရာတွေ မကြာခဏ ချီးမွမ်းခံရပေမယ့် အားနည်းချက်က အဲစာတွေကို အာဂုံမဆောင်နိုင်တာပါ မသိတာလဲ မဟုတ်ဘူး  လူကြားထဲ သောက်ရှက်ကွဲမယ့်ကောင်မျိုးပေါ့ ဟိဟိ အဲလောက်တော်တယ် ဒါကကြေငြာနော်
ကဲစလိုက်ရအောင်.........
ကိုယ်ပိုင်လုပ်တတ်အောင်ကြိုးစားပါ ပြသနာမရှာပါနဲ့ ကျွန်တော် window 7 နဲ့ Vista မှာ စမ်းထားပါတယ် ကျန်တဲ့ ၀င်းဒိုးတွေမှာတော့ အာမမခံပါဘူး 


1.  notepad ကိုဖွင့်ပါ
2. အောက်မှာပြထားတဲ့ လိုင်းလေးတွေ ကိုကြည့်ပြီး ကိုယ့်စက်နဲ့ကိုက်တာ ကိုယ်ဖော်ပြလိုတာတွေကို ရေးထည့်ပါ ရေးတာကတော့ အကြိုက်ရေးလို့ရတယ်နော် ကျွန်တော်က သဘောလောက်ပြပေးထားတာ ရေးပြီးရင် OEMINFO.INI  လို့ ဆေ့ပါ
 c:\windows\system32 directory: မှာ ထည့်ပေးပါ နောက် My Computer မှာ ညာကလစ်နှိပ်  properties ကို ဆက်ရွေးပါမယ် general tab မှာ highlighted ဖြစ်နေတဲ့ (support information)  တစ်ခုကို မြင်ရပါမယ် အဲဒါလေးကို ကလစ်ပါ ပြီးရင် လုပ်ရိုးလုပ်စဉ် အတိုင်းလုပ်သွားလိုက်ပေါ့နော် ဒီလောက်ထိတော့လိုက်ပြောနေဖို့ မလိုလို့ပါ သင်ပြောင်းထားတာတွေ အကုန် ပြောင်းနေပါလိမ့်မယ်

[General]

Manufacturer=Your Name Here

Model=Your Model Here

[Support Information]

Line1=Your Name Here

Line2=Your Address Here

Line3=Your Email Address Here

No comments:

Post a Comment