Background Wallpaper Slide Show လုပ်မယ်…
December 29, 2010 by: seriousblazeဘာရေးရမှန်းမသိလို့မရေးဖြစ်တာတော်တော်ကြာသွားတယ်… ညကမှဒါလေးစိတ်ကူးရလို့ ရေးဖြစ်သွားတာ… ဘာမှမဟုတ်တာလေးကို ရေးတာ ည ၂နာရီထိုးသွားတယ်…
ဒါပေမဲ့ အိပ်ရေးပျက်ရကျိုးတော့နပ်မယ်ထင်ပါတယ်… အားလုံးလဲ ဒါလေးကို သဘောကျကြမယ်လို့မျှော်လင့်ပါတယ်…
ထွေထွေထူးထူးကြီးတော့မဟုတ်ပါဘူး… Desktop Background Wallpaper တွေကို Slide Show လေးလုပ်ပေးမဲ့ script လေးပါ… ပုံမှန်အတိုင်းဆိုရင် ကိုယ် Slide Show လုပ်ချင်တဲ့ ပုံတွေကို XML ဖိုင်ထဲ တစ်ခုချင်းရေးထည့်ရတယ်… အခုဟာကတော့ ကိုယ်သုံးမဲ့ပုံတွေကို သူဟာသူ XML ထဲထည့်ပေးမှာပါ… ကြာပါတယ်… သုံးတဲ့ပုံစံလေးပြောရင်းနဲ့ပဲရှင်းတော့မယ်… ကဲစလိုက်ရအောင်…


၁။ ကိုယ် slide show လုပ်ချင်တဲ့ ပုံတွေကို Folder တစ်ခုထဲ စုပြီးထည့်လိုက်ပါ… ဖြစ်နိုင်ရင် Home Directory အောက်က Picture ထဲကိုဖြစ်ဖြစ် Desktop ပေါ်ဖြစ်ဖြစ် folder တစ်ခုဆောက်ပြီးထည့်ပါ… ဘာလို့လဲဆိုတော့ တခြားနေရာတွေဆိုရင် folder name မှာ space ပါနေရင်… ဒီ script က အလုပ်မလုပ်လို့ပါ… နောက်ပြီး… ပုံတွေရဲ့ name တွေမှာ space ပါနေရင်လဲ အလုပ်မလုပ်ပါဘူး… သုံးတောင်မသုံးရသေးဘူး… မရတာတွေက များနေပြီ… 

၂။ အခုပေးထားတဲ့ script လေးကို စောစောက ဆောက်ထားတဲ့ folder ထဲ ပုံတွေနဲ့အတူ ရောထည့်လိုက်ပါ…
၃။ script ကို double click နှိပ်လိုက်ပါ… Do you want to run or display လို့မေးရင် Run in Terminal ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ… စာကြောင်းလေးကြောင်းပေါ်လာပါလိမ့်မယ်… အဲဒီအခါကျရင် Home Folder အောက်မှာ bgslide ဆိုတဲ့ folder လေးတစ်ခုဝင်လာပါလိမ့်မယ်… နောက်ပြီး အဲဒီထဲမှာ ကိုယ်ရွေးထားတဲ့ ပုံတွေကို နံပါတ် 0 ကနေ စစီပြီးထားတာနဲ့… bgslide.xml ဆိုတဲ့ဖိုင်နဲ့ကိုတွေ့ပါလိမ့်မယ်… အကယ်၍များ… စာကြောင်းလေးကြောင်းတင်မဟုတ်ပဲ တခြား error ပြနေမယ် ဒါမှမဟုတ် bgslide ဆိုတဲ့ folder ထွက်မလာတာတို့ xml ဖိုင်ထွက်မလာတာတို့ဆိုရင်တော့ directory name တွေ file name တွေမှာ space ပါနေတာတို့ဘာတို့ကြောင့်ဖြစ်နိုင်ပါတယ်… ဒါမှမဟုတ် bgslide ဆိုတဲ့ directory ရှိနေပြီးသားဖြစ်နေတယ်လို့ပြောတဲ့စာဆိုရင်တော့ ကိစ္စမရှိပါဘူး… အရင်က ဒီ script ကို run နှင့်ပြီးသားမို့လို့ပါ…
၎။ ပုံတွေရော bgslide.xml ဆိုတဲ့ file ရော Home folder အောက်က bgslide ဆိုတဲ့ထဲရောက်နေပြီဆိုရင်တော့ System>Preferences အောက်က Appearance ကိုဖွင့်လိုက်ပါ… Background tab ကိုပြောင်းလိုက်ပါ… Add button ကိုနှိပ်လိုက်ပါ… Add Wallpaper ဆိုတဲ့ file select လုပ်တဲ့ window ပေါ်လာရင် Home folder အောက်က bgslide ကိုရွေးလိုက်ပါ… ပြီးရင် ညာဘက် အောက်နားလေးက Images လို့ပြနေတဲ့ dropdown list လေးထဲက All files ကိုရွေးလိုက်ပါ… အရင်က ပုံတွေပဲပေါ်နေရာကနေ bgslide.xml ဆိုတဲ့ file လေးပေါ်လာပါလိမ့်မယ်… အဲဒီ bgslide.xml ကိုရွေးပြီး Add လုပ်လိုက်ပါ…
၅။ အခုဆိုရင် Background ပုံတွေရဲ့ list ထဲမှာ… ကိုယ်လုပ်ထားတဲ့ slide show လေးဝင်လာတာတွေ့ရပါလိမ့်မယ်…
အကယ်၍များ… slide အများကြီးလုပ်ထားချင်တယ်ဆိုရင်တော့… ဒီ script လေးကို gedit ဒါမှမဟုတ် တခြား editor နဲ့ဖွင့်ပြီး… “#!!!” ဆိုတာလေးနဲ့ ပေါ်အောက်ပိတ်ထားတဲ့ bgslide ဆိုတဲ variable နောက်က value လေးကိုပြောင်းပေးလိုက်ရုံပါပဲ… ဥပမာ… bgslide=”$HOME/bgslide” ကို bgslide=”$HOME/bgslide1″ လို့ပြောင်းလိုက်တာနဲ့ရပါတယ်…
ဒီထက်အဆင်ပြေအောင်တော့ရေးလို့ရပါသေးတယ်… ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလောက်ဆိုလုံလောက်မယ်ထင်ပါတယ်…
ဘာမှမဟုတ်ဘူး… အပျင်းကြီးပြီးမရေးတာ… 
အားလုံးကိုလဲ ကျွန်တော်ရေးထားတာလေးကို ပိုကောင်းအောင်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်…
မတောက်တခေါက် တတ်သလောက်လေးရေးထားတာမို့ပါ…


အားလုံးကိုလဲ ကျွန်တော်ရေးထားတာလေးကို ပိုကောင်းအောင်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်…
မတောက်တခေါက် တတ်သလောက်လေးရေးထားတာမို့ပါ…

Download Script Here : bgslide
အော်… ပြောဖို့ကျန်သေးတယ်… အားလုံးပြီးသွားပြီဆိုရင်… ကိုယ် create လုပ်ထားတဲ့ မူရင်း folder ကို ဖျက်လိုက်လို့ရပါတယ်… Home folder ထဲက bgslide ထဲကိုကူးပြီးသွားပြီဆိုတော့… မလိုတော့လို့ပါ… 

No comments:
Post a Comment