Monday, 30 January 2012


မှားယွင်းဖျတ်ဆီးလိုက်သည့် Data များအတွက် ICare Data Recovery Software

Icare Data RecoveryIcare Data Recovery
ကွန်ပျူတာအသုံးပြုရာတွင် ရံဖန်ရံခါ၌ Data များကိုမှားယွင်းပြီးဖျတ်လိုက်မိသည့်အခါမျိုးကြုံတက်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် အသုံးဝင်သော Data များကို မှားယွင်း၍ ဖျတ်လိုက်မိခြင်း ၊ Drive များကို Format ချလိုက်ပြီးမှ Data များကို ပြန်လည်လိုအပ်ခြင်းများအတွက် Data Recovery Software များကိုအသုံးပြုနိုင်ပါသည်။ Data Recovery Software များစွာရှိသည့်အနက် လွယ်ကူ၍ထိရောက်စွာအသုံးပြုနိုင်သော ICare Data Recovery Software အကြောင်းကိုဖော်ပြသွားပါမည်။
Software Install ပြုလုပ်ခြင်း
Software ကို Install ပြုလုပ်ရန်အတွက် Setup File ကို Double Click ဖြင့် Run ပေးရပါမည်။ ထို့နောက် Full Version အဖြစ်အသုံးပြုနိုင်ရန်အတွက် Serial Key ကိုထည့် သွင်းပေးရပါမည်။ Run ပြီးနောက်စတင်အသုံးပြုရန်အတွက်ဖွင့်လိုက်သည်နှင့် ထပ်ဆုံးတွင် Register/Buy ကို Click ရပါမည်။ Serial Keys ဖြည့်ရန်နေရာတွင် Download ချစဉ်က Setup File နှင့်အတူပါရှိသည့် Notepad တွင်းရှိ Serial Keys ကို Copy ကူး၍ အောက်ပါ ပုံအတိုင်းရေးထည့်ပြီး Ok ကို Click နှိပ်ပေးရပါမည်။

2Serial Keys ထည့်သွင်းခြင်း
ထိုအခါ Software ကို Activation ပြုလုပ်ပြီးကြောင်း Message ကိုတွေ့မြင်ရမည်ဖြစ် ပြီး Full Version အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါသည်
33
Software အသုံးပြုခြင်း
Software ကိုအသုံးပြုရန်အတွက် စတင်သည်နှင့် PC Partition Recovery ၊ Deleted File Recovery ၊ Deep Scan Recovery နှင့် Format Recovery ဟူ၍ အောက်ဖော်ပြပါပုံ အတိုင်း အပိုင်း ၄ ပိုင်းပါရှိမည်ကိုတွေ့ရပါသည်။ PC Partition Recovery တွင် ကွန်ပျူတာအ တွင်း Delete လုပ်မိသည့် Partition များကို Recover ပြုလုပ်ပေးနိုင်မည်ဖြစ်ပါသည်။ Deleted File Recovery အပိုင်းတွင် ကွန်ပျူတာအတွင်းမည်သည့် Drive မှဖြစ်စေ External Drive များမှဖြစ်စေ Delete လုပ်လိုက်မိသည့် File များ Data များကို ပြန်လည်ရှာဖွေပေးနိုင်မည်ဖြစ်ပါသည်။
Deep Scan Recovery အပိုင်းသည်လည်း Deleted File Recovery ကဲ့သို့ပင်ဖြစ်ပါသည်။ Format Recovery မှာမူ Format ချလိုက်သည့် Drive များမှ Data များကို ပြန်လည်ရှာဖွေ ပေးနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် မိမိတို့လိုအပ်ချက်များနှင့်အညီ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
1Start Software
Deep Scan Recovery ကို Click လိုက်သည်နှင့် ကွန်ပျူတာအတွင်းရှိသည့် Drive များကို တွေ့မြင်ရမည်ဖြစ်ပြီး ၊ Recovery ပြုလုပ်လိုသည့်အပိုင်းကို Select ပြုလုပ်၍ Recover ကို Click ပေးရပါမည်။Recover ကို Click ပြီးနောက် ရှာလိုသည့် File Type အမျိုးအစားများကို ရွေးချယ်ပေး ရမည်ဖြစ်ပါသည်။ ရှာဖွေခြင်းမပြုလုပ်လိုသည့် File Type များကို Uncheck ပြုလုပ်ပေးနိုင်ပါ သည်။ File Type မျိုးစုံရှာဖွေပါက အချိန်ပိုမိုကြာမြင့်မည်ဖြစ်ပြီး၊ ရှာဖွေသည့် File Type နည်းလေ ရှာဖွေချိန်နည်းလေပင်ဖြစ်ပါသည်။ ထို့နောက် Ok ပေးလိုက်လျင် Delete ပြုလုပ်ထား သည့် File များကို စတင်ရှာဖွေနေမည်ဖြစ်ပါသည်။

8ရှာဖွေမည့် File Type ရွေးချယ်ခြင်း
4File များကိုစတင်ရှာဖွေခြင်း
ထို့သို့ရှာဖွေပြီးပါက ရှာဖွေထားသည့် File များ Data များကို သိမ်းဆည်းရန်အတွက် ပထမဦးစွာ အောက်ဖော်ပြပါပုံအတိုင်း သိမ်းဆည်းလိုသည့် File Type များကို ရွေးချယ်ပေးရ ပါမည်။ ထို့နောက် Save Files ကို Click လိုက်ပါက သိမ်းဆည်းမည့်နေရာကို ရွေးချယ်ပေးရ ပါမည်။ ထို့နောက် Ok ပေးရပါမည်။ ထိုအခါ Delete လုပ်ထားသည့် File များ Data များကို ပြန်လည် ရရှိမည်ဖြစ်ပါသည်။
9
Delete လုပ်ထားသည့် File များကို သိမ်းဆည်းခြင်း



http://www.mirrorcreator.com/files/UN43GP9U/iCare.Data.Recovery.Sof... 

အမျိုးအစား: နည်းပညာ

No comments:

Post a Comment