Monday, 30 January 2012

ကဲ..ဒီနေ့မှာတော့ တောင်ပေါ်သားလေး က သူငယ်ချင်းတွေကို စနောက်လို့ရတဲ့ Email အတုပြုလုပ်နည်းလေး သင်ပြမယ်ဗျာ..သိတဲ့သူတွေကလဲ..ဒီထက့်ကောင်းတာလေးတွေကို ဝေမျှပေးပေါ့..ဒီနည်းလေးကိုသုံးပြီးတော့
တောင်ပေါ်သားလေး ဆိုတဲ့ ကျွန်တော်ဘယ်လောက်တောင် ဗရုတ်သုတ်ခလုပ်ခဲ့တယ်ဆိုတာ အမုန်းခံပြီးပြောပြ
ဦးမယ်..ပျော်စရာလေးပါလဲကောင်းပါတယ်..ကဲ.စလိုက်ကြရအောင်ဗျာ
အရင်ဆုံး ဒီWebsite ကို Click လိုက်ပြီး ၀င်လိုက်ပါ။

အောက်ကပုံမှာပြထားတဲ့အတိုင်း From Name ဆိုတဲ့နေရာမှာ ရဲ့နာမည် ဒါမှမဟုတ် အခြား နာမည်တစ်ခုခုကို
ရိုက်ထည့်လိုက်ဗျာ..ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကို ရန်တိုက်မှာဖြစ်တဲ့အတွက်
Pyiphyoaung လို့ရိုက်ထည့်လိုက်တယ်..


From E-Mail: နေရာကတော့ ဘယ်သူကပို့တယ်ဆိုတာရိုက်ထည့်လိုက်ရုံဘဲ..အယ်..To: ဆိုတဲ့နေရာမှာတော့
ကိုယ်ပို့ချင်တဲ့ အီးမေးလ်လိပ်စာကိုသာရိုက်ထည့်လိုက်ဗျာ.. Subject: နေရာမှာတော့..ဟဲဟဲ..မြင်တဲ့အတိုင်းဘဲ
ကြိုက်သာတာရိုက်ထည့်လိုက်.မြန်မာလိုရိုက်ရိုက်..အင်္ဂလိပ်လိုရိုက်ရိုက်..ကြိုက်တာသာရိုက်ထည့်လိုက်ဗျာ..။
ပြီးရင် Reply-To ဆိုတဲ့နေရာမှာ စိန်ခေါ်သူ ကျွန်တော့်သူငယ်ချင်းရဲ့နာမည်ကို ထည့်လိုက်တယ်ဗျာ…။

စိန်ခေါ်ခံရတဲ့ ပြည့်ဖြိုးအောင်ရဲ့အကောင့်ကတော့ Kimbum@gmail.com (ပြည့်ဖြိုးအောင်ပေါ့ဗျာ)
ပြီးတာနဲ့ Text: နေရာမှာ မြင်တဲ့အတိုင်းဘဲ စိန်ခေါ်စာလေးနည်းနည်းထဲ့လိုက်တယ်ဗျာ..။ပြီးတာနဲ့
အောက်ပုံမှာပြထားတဲ့အတိုင်း

Captcha: နေရာမှာ သူပြထားတဲ့စာလုံးဖျက်လေးတွေကိုရိုက်ထည့်လိုက်ဗျာ။
ပြီးတာနဲ့ Send ဆိုတာကိုနှိပ်ပြီး..တစ်မိနစ်နီးပါးလောက်သာစောင့်နေလိုက်.. Fake mail sent successfully
ဆိုတာပေါ်လာလိမ့်မယ်..ဒါဆိုရင် ကျွန်တော်ရန်တိုက်ပေးလိုက်တဲ့ Email အတု waivet2010@gmail.com
ဆီကလာတဲ့ Email က kimbum@gmail.com ထဲကိုဝင်သွားပြီဗျာ…ကဲ..မမိုက်ဘူးလား..ဟိဟိ..။

ဒီနေရာမှာ ဒီနည်းလေးကိုအသုံးပြုပြီးတော့ ကျွန်တော်ဆိုးတာလေးတွေကို ပြောပြမယ်နော်..
Waivet2010@gmail.com (မြ၀တီ) နဲ့ kimbum2010@gmail.com ပြည့်ဖြိုးအောင်တို့က အရမ်းခင်တဲ့ကောင်တွေ..အဲဒီနေ့က ဒီကောင်နှစ်ကောင် အတူတူလာပြီးတော့ အင်တာနက်ထိုင်ကြတယ်.။
အယ်..နောက်နေ့ကျတော့ တစ်ကောင်နဲ့တစ်ကောင်မခေါ်တော့ဘူး..ဘာလို့လဲဆိုပြီး စုံစမ်းကြည့်တော့..
မနေ့ကညကမြ၀တီကပြည့်ဖြိုးအောင်ကိုကြည့်မရဘူးဆိုပြီးEmailပို့ပြီး…စိန်ခေါ်လို့တဲ့…ငါစိန်ခေါ်တာမဟုတ်ဘူး..ဟုတ်တယ်ငြင်းရင်း စကားများကြတယ်ဆိုဘဲ..ဟိဟိ..အဲဒါဘယ့်သူ့စနက်လဲဆိုတာ..သိဒယ်နော်..ရူး……….
တိုးတိုးနေနော်..ပြန်မပြောကြေး…………….။

နောက်ကောင်းတာကလေးတစ်ခုကိုပြောပြဦးမယ်ဗျာ..
ကျွန်တော့်ရဲ့အဘိုးက ပြည်ပမှာ အလုပ်လုပ်ပါတယ်..ကျွန်တော့်အဘွားကတော့ ကျွန်တော်နဲ့အတူနေ
တယ်ပေါ့နော်..အဘိုးနဲ့အဘွားက နှစ်ယောက်လုံး အင်တာနက်ချက်တင်သုံးတတ်တယ်ဗျ..နောက်ပြီး အဘွား
ကလည်း လကုန်တိုင်းအဘိုးဆီက အမျှော်ပြေလေးဆိုပြီး Email ကနေတစ်ဆင့် မုန့်ဘိုးတောင်းနေကျ…
အဲဒါကို သိတဲ့ကျွန်တော်က တစ်နေ့မှာ အထက်က ၀က်ဆိုဒ်လေးထဲကိုဝင်ပြီး အဘွားရဲ့ Email လိပ်စာအတု
နဲ့ အဖွားလေသံအရေးအသားကိုဖမ်းပြီး မုန့်ဘိုးတောင်းလိုက်တာ..နှစ်ရက်ဘဲစောင့်လိုက်ရတယ်..ကျွန်တော
စာတိုက်ကနေ မုန့်ဘိုးသွားထုတ်လိုက်တယ်ဗျာ..အယ်..လကုန်လို့..အဘွားက အဖိုးဆီိကို မုန့်ဖိုးလှမ်းတောင်း
တော့..ဟိဟိ..သိဒယ်မလား..အဘိုးနဲ့အဘွား..ချက်တင်ပေါ်မှာ ရန်တွေပွားနေလိုက်ကြတာ..အခုကျွန်တော်ဒီပိုစ့်
လေးကိုရေးနေတဲ့အချိန်ထိ သုံးပတ်ကျော်ပီ မခေါ်ကြဘူးဗျာ..အဘိုးကလဲ..လမကုန်ခင်က တောင်းတယ်..လကုန်
တော့လဲထပ်တောင်းတာဆိုတော့..တင်းပီပေါ့ဗျာ..အဘွားကလဲ..သူမတောင်းပါဘူး..လကုန်မှတောင်းတာပါဆိုပြီး.တစ်ယောက်တစ်ခွန်..ပြောရင်း.ပြောရင်းနဲ့ရန်တွေဖြစ်ကုန်ကြတာပါဘဲ..ကဲ…သူတို့မကောင်းဘူးနော်……..
အယ်…ကျွန်တော်ကောင်းဒယ်ပေါ့နော်..ဟီးးးးးးးးးးးး

ကျွန်တော်အဲသလောက်ကိုဆိုးတာပါ..ကဲ.ဆိုးတာထားလိုက်တော့..အစ်ကိုအမတို့လဲ..ကျွန်တော့်လိုမလုပ်ကြနဲ့ဗျာ.ဒါဟာမကောင်းပါဘူး..ဒီနည်းလေးကို တင်ပေးရတဲ့ ရည်ရွယ်ချက်ကလဲ ဒါမျိုးလေးတွေလုပ်လို့ရတယ်..
အလုပ်ခံရနိုင်တယ်ဆိုတာ သတိပေးချင်တာလဲပါပါတယ်..အဲလိုအဖြစ်မျိုးကြုံလာပြီဆိုရင်လည်း..ချင့်ချိန်ပြီးမှယုံ
စေချင်ပါတယ်..အဲဒါမှမဟုတ်ရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာမစိုးလို့ပါ။
ဒီနည်းလေးက သုံးရင်းသုံးတတ်သလို အကျိုးရှိပါတယ်..လွယ်လွယ်ကူကူနဲ့လူတိုင်း
လုပ်ဆောင်နိုင်ပါတယ်..စမ်းသပ်ရင်းနဲ့ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ……………။







No comments:

Post a Comment