ကိုယ့် အင်တာနက်လိုင်းပေါ်မှာ ကွန်ပျူတာဘယ်နှစ်လုံးသုံးနေလဲဆိုတာ သိချင်ရင် ( 17.8.10 )

ကိုယ့်ရဲ့အိမ် (သို့မဟုတ်) ရုံးမှာရှိတဲ့ ADSL လိုင်းကို လူဘယ်နှစ်ယောက် ၀င်သုံးနေလဲဆိုတာ သိချင်ရင်ကိုယ့်အိမ် (သို့မဟုတ်) ရုံးမှာ ရှိတဲ့ Router ထဲကို Login ၀င်ပြီးတော့ ကိုယ့် LAN ထဲကို Client ဘယ်နှစ်လုံးဝင် သုံး နေလဲဆိုတာ တွေ့ရှိနိုင်ပါတယ်။
- - (1) Client or host Name (၀င်သုံးတဲ့ ကွန်ပျူတာ နာမည်)
- - (2) Client or host's IP Address (၀င်သုံးတဲ့ ကွန်ပျူတာ အိုင်ပီလိပ်စာ)
- - (3) Client or host's MAC Address (network card id or လိပ်စာ)
ဒီသုံးမျိုးနဲ့ Router မှာဖော်ပြလေ့ရှိပါတယ်။ ပြီးတော့ အဲဒီ Client or Host တွေက ကိုယ့် အင်တာနက်လိုင်းနဲ့ ဘာတွေဝင်သုံးသွားလဲ ဘယ် Webတွေ Access လုပ်သွားလဲ အစရှိတဲ့ Incoming/Outgoing တွေကို မိမိ Router ထဲက Log မှာ သွားစစ်ကြည့်နိုင်ပါတယ်။ Router အမျိုးအစားအလိုက် Configuration တွေ Setting တွေ ကွာခြားနိုင်ပါတယ်။
No comments:
Post a Comment