Saturday, 24 March 2012


Movie များကို Desktop wallpaper ပြုလုပ်ပြီး ကြည့်ကြမယ်။


43-Hit

ကျွန်တော်တို့ ကွန်ပျူတာကနေ ကြည့်ချင်တဲ့ Movie တွေကို Media Player များဖြင့် ဖွင့်ကြည့်ကြတာများပါတယ်။ Media Player များထဲမှာလည်း အတော်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Media Player တွေရှိပါတယ်။ Media Player များထဲမှ VLC Player ကတော့ အခြား Media Player များဖြင့်မတူပဲ မိမိကြည့်ချင်တဲ့ Movie ကို Player မှာပင် မြင်တွေ့နိုင်ယုံမကပဲ မိမိကွန်ပျူတာရဲ့ Desktop Wallpaper နေရာမှာပါ မြင်တွေရမှာဖြစ်ပါတယ်။ မိမိဖွင့်ကြည့်တဲ့ Movie ကို Desktop Wallpaper နေရာမှာမြင်ချင်ရင်တော့ မိမိကြည့်ချင်တဲ့ Movie ကို VLC Media Player ဖြင့် ဖွင့်လိုက်ပါ။ ထို့နောက် Menu ရှိ Video ထဲမှ DirectX Wallpaper ကို နှိပ်လိုက်ရင် မိမိဖွင့်သော MTV (သို့) Movie ကို Computer ရဲ့ Desktop တွင် Wallpaper အဖြင့် မြင်တွေရမှာဖြစ်ပါတယ်။ 


ဒါမှမဟုတ် Movie ဖွင့်တိုင်း Desktop တွင် Wallpaper အဖြင့် မြင်ခြင်တယ်ဆိုလျှင်တော့ 

၁။ VLC Media Player ၏ Menu ရှိ Tools ထဲမှ Preferences ကို Click နှိပ်လိုက်ပါ။


၂။ Preferences Box ထဲမှာ ဘယ်ဘက်ခြမ်းတွင်ရှိသော Video Icon Button ကို နှိပ်လိုက်ပါ။


၃။ Video Settings ရှိ Output တွင် DirectX video output ကို ရွေးလိုက်ပါ။


၎။ Video Settings ရှိ DirectX တွင် Enable Wallpaper Mode တွင် အမှန်ခြစ်ပေးလိုက်ပါ။ 

http://www.guidingtech.com/assets/postimages/2010/08/20100801A05.png

၅။ Save Button ကို နှိပ်ပြီး Save မှတ်ပြီးပါက VLC Player ကို ပိတ်လိုက်ပါ။ ထို့နောက် မိမိကြည့်ချင်သည့် Movie ကို VLC Palyer ဖြင့် ဖွင့်လိုက်ပါက Desktop ပေါ်တွင် Wallpaper အဖြင့်မြင်တွေ့ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

VLC Player မရှိသူများ ဒီနေရာမှာ Download လုပ်ပြီး ရယူအသုံးပြုနိုင်ပါတယ်။ 
http://www.videolan.org/vlc/download-windows.html

No comments:

Post a Comment