Sunday, 25 March 2012

CMD အခြေခံ အသုံးပြုနည်း (၁)

Win+r နှိပ်ပြီး cmd လို့ ရိုက်လိုက်ရင် အခုလို command prompt box လေးကျလာမှာပါ ။သူ့ ရဲ့ Default location က Current user name ကို ရောက်နေမှာဖြစ်ပါတယ် ။
cmd ဆိုတာ Interfaced မဖြစ်တဲ့ Window အသေးစား တစ်ခုပါ၊ဒါပေမယ့် Desktop ကနေအသုံးပြုရတဲ့ (explorer.exe) ကနေအသုံးပြုရတဲ့ Window ထက် လုပ်ပိုင်ခွင့်ပိုရှိပါတယ် ။ ကဲ အခု .. cmd ကို သုံးနေကြ window လိုသုံးကြည့်ရအောင် ၊ အခုလက်ရှိ cmd ရဲ့ location ကဖွင့်ဖွင့်ချင်းဆိုတော့ သင်လက်ရှိသုံးနေတဲ့ Username မှာရောက်နေမှာပါ ။ဥပမာ "C:\Documents and Settings\Fire Fox" ကို ရောက်နေပါလိမ့်မယ် ။ dir လို့ ရိုက်ရင် အဲဒီ့ Folder ထဲက ရှိသမျှ folder တွေ နဲ့ extension ပါတဲ့ File တွေကိုပြပေးပါတယ်။ (hidden ဖြစ်နေတာတွေကလွဲလို့ )
dir /a ဆိုရင်တော့ Hidden ဖြစ်နေတဲ့ file တွေအားလုံးပေါ်လာပါလိမ့်မယ် ။ dir နဲ့ ပတ်သတ်တဲ့ command တွေကိုဆက်ကြည့်ချင်တယ်ဆိုရင် dir /? ဆိုရိုက်ပြီးဆက်ကြည့်နိုင်ပါတယ် ။ကျွန်တော်ကတော့ အရေးကြီးတာလေးတွေပဲ ပြောပြပေးသွားမှာပါ ။ ပြီးရင် သွားချင်တဲ့ နေရာကိုသွားမယ်ဆိုရင် ဒီ cd (change Directory) ဆိုတဲ့ command လေးကို သုံးပါတယ် ။ အခုလက်ရှိ နေရာကနေ Desktop ပေါ်ကို ရောက်ချင်တယ်ဆိုရင် cd desktop ဆိုပြီးရိုက်ပါ ၊ဒါမဟုတ်ရင် cd de(tab) ဆိုရင် de နဲ့ အနီးစပ်ဆုံးရှိတဲ့ Desktop ပေါ်လာပါလိမ့်မယ် ။(စမ်းကြည့်ရင်သိပါလိမ့်မယ်) ၊ဒါဆိုရင် C:\Documents and Settings\Fire Fox\Desktop ဆိုပြီး cmd မှာပြပါလိမ့်မယ်။ အခုမှ အသုံးပြု သူတွေကိုအကြံပေးရမယ်ဆိုရင် cmd ချည်းပဲမကြည့်ပဲ cmd ကပြနေတဲ့ location Folder တွေကိုပါ တစ်ဖက်ကဖွင့်ကြည့်သင့်ပါတယ် ။ cmd က လမ်းကြောင်းတွေကို လိုက်ကြည့်ပြီးဖွင့်ပါ ၊ ကဲ အခု ကျွန်တော်တို့ က Desktop ပေါ်ကိုရောက်နေပါပြီ ။ ပထမဦးဆုံး Desktop ပေါ်မှာ New Folder တစ်ခုဆောက်ပြ ပါ့မယ်။ md (make directory)ဆိုတဲ့ Keyword ကိုသုံးပါတယ် ၊ md aas ... ဒါဆိုရင် aas ဆိုတဲ့ နာမည်နဲ့  Desktop ပေါ်မှာ Folder အသစ်ပေါ်လာပါလိမ့်မယ်။ aas နေရာမှာ ကိုယ်ကြိုက်တဲ့ နာမည်ပေးပြီး folder ဆောက်နိုင်ပါတယ် ။ Multiple folder ဆောက်ချင်တယ်ဆိုရင်တော့ md a b c d e လို့ ရိုက်ရင် a တစ်ခု b တစ်ခု e အထိ Folder ၅ ခု ကျလာပါလိမ့်မယ် ။ အခုလို space ခြားပြီး ကြိုက်သလောက် Folder ဆောက်လို့ ရပါတယ် ။ Folder တွေကို ဖျက်ချင်ရင် rd (remove directory) ဆိုတဲ့ command ကိုသုံးပါတယ် ၊rd a ဆိုရင် a ဆိုတဲ့ စောစောက ဆောက်ထားတဲ့ Folder ကို ဖျက်ပစ်ပါလိမ့်မယ် ၊multiple Delete လုပ်ချင်တယ်ဆိုရင် md ကလိုပဲ rd b c d e ဆိုပြီးကျန်တဲ့ Folder (၄) ခုကိုဖျက်လို့ ရပါတယ် ။ space ခြားထားတဲ့ နာမည်တွေပါတဲ့ Folder တွေကိုဖျက်ချင်ရင်တော့ double coat ခံရပါတယ်၊ဥပမာ rd "My Document" ဆိုပြီးရိုက်ရပါတယ် ။ cd ဆိုတဲ့ command ကိုပြန်သွားပါဦးမယ်၊ အခု ဒီနေရာ (desktop) ကနေ default username folder ကိုပြန်သွားချင်တယ်ဆိုရင် cd .. ဆိုပြီး dot နှစ်စက်ကို cd မှာသုံးပါတယ် ၊ ဘာနဲ့ တူသလဲဆိုတော့ cd .. က back နဲ့ တူပါတယ် ၊နောက် command တစ်ခုက cd\ ပါ ၊သူ့ ကို ကတော့ လက်ရှိရောက်နေတဲ့ နေရာကနေ drive Letter အောက်ကိုပြန်သွားတဲ့နေရာမှာသုံးပါတယ်။ ဥပမာ C:\Documents and Settings\Fire Fox\Desktop ကနေ cd\ လို့ ရိုက်လိုက်ရင် C: အောက်တည့်တည့် ကို ပြန်ရောက်သွားပါလိမ့်မယ်၊ ပြီးရင် del ဆိုတဲ့ command အကြောင်းပြောပါမယ် ၊စောစောက rd ဆိုတာ Folder တွေကိုပဲဖျက်လို့ ရပါတယ် ။ del ဆိုတာကတော့ Folder မဟုတ်တဲ့ (extension ပါတဲ့) File တွေကို ဖျက်တဲ့နေရာမှာသုံးပါတယ် ။ ကဲ desktop ပေါ်က "google Talk" ဆိုတာကို စဖျက်ရအောင် ။cmd location က desktop ပေါ်ရောက်နေပြီဆိုရင် del ဆိုပြီး space ခြား၊ ပြီးရင် google လို့ ရိုက်ပြီး Tab နှိပ်ပါ ။ဒါဆိုရင် del "Google Talk.lnk" ဆိုပြီးပေါ်လာပါလိမ့်မယ် ။Enter မနှိပ်ပါနဲ့ ဦး ။သူ့ အနောက်မှာ ထည့်လို့ ရတဲ့ Keyword တွေရှိပါသေးတယ် ။ del "Google Talk.lnk" /p ဆိုရင် Yes/No မေးတဲ့ prompt ပေါ်ပါတယ် ၊del "Google Talk.lnk" /q ဆိုရင်တော့ Quiet Mode ပါ yes/no မမေးစေချင်ရင် သုံးတာပါ ၊/s ဆိုတာကတော့ အသုံးအ၀င်ဆုံး Keyword ပါပဲ ၊sub-directories တွေထဲကပါရှာဖျက်ပေး မယ်လို့ ပြောတာပါ ၊ဥပမာ သင်က သင့် computer ထဲဝင်နေတဲ့ mgy.exe ဆိုတဲ့ virus ကို command prompt ကနေ ဖျက်မယ်ဆိုရင် ရှာနေရတာထက် ပိုလွယ်ပါတယ်။ del mgy.exe /s /a /f ဆိုပြီး drive letter အောက်(C: အောက်) ကိုသွားပြီးရိုက်လိုက်မယ်ဆိုရင် Drive C: မှာရှိသမျှ mgy.exe ဆိုတာတွေကို ဖျက်ပေးမှာဖြစ်ပါတယ် ။ /a ဆိုတာက hidden တို့ read-only တို့ စတဲ့ attribute လုပ်ထားတဲ့ folder တွေပါ ။ /f ဆိုတာကတော့ force ပေးပြီးဖျက်တာပါ ၊ ကဲ အပိုင်း (၁) ကိုတော့ ဒီမှာ နားကြတာပေါ့ ။ စမ်းကြည့်ကြပါဦး ။

No comments:

Post a Comment