Computer Restart ခဏခဏကြတတ်ခြင်း
ကွန်ပျူတာအသုံးပြုစဉ် မကြာခဏ power off ဖြစ်၍ power restartဖြစ်ပေါ်ခြင်းများတွင် System Unitများ မကောင်းခြင်းကြောင့် ဖြစ်ရခြင်းအကြောင်းရင်း တစ်ခုတည်းသာမက အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ကွန်ပျုတာအသုံးပြုသည့်အခါဖြစ်စေ၊ Game ကစားသည့်အခါဖြစ်စေ Restart ဖြစ်ခြင်းသည် Motherboard တွေ၊ Graphic Card (also VGA card)နှင့် CPU (Central Processing Unit)တွေ မကောင်းပါဟု ဆိုသည့် အကြောင်းရင်းများဟု ပြော၍မရပါ။ ကြာရှည်သုံးလာတဲ့ Power Supplyတွေနဲ့ Power အပြည့်မထုတ်ပေးနိုင်တဲ့ အရည်အသွေးနိမ့် Power Supplyတွေကြောင့်လည်း လိုအပ်တဲ့ Powerကို မရတဲ့အတွက် Power ပိတ်ကျသလို အရည်အသွေးနိမ့်တဲ့ Memory (RAM -Random Access Memory)တွေ - ဥပမာ - Memoryမှာရှိတဲ့ Chipset ချို့ ယွင်းလို့ Performance အပြည့်မရတာတွေကြောင့် (သို့)
Shockဖြစ်သွားခဲ့သောကြောင့် Restart ကျတတ်ပါတယ်ဟု Service ပညာရှင်တစ်ဦးက
ပြောပါသည်။ Gameကစားနေစဉ်အတွင်း Powerပိတ်ကျ တတ်ခြင်းသည် Gameများ Installလုပ်ရာ၌ Microsoft၏ အချို့ သော Serviceများ လိုအပ်ခြင်းကြောင့် ဖြစ်တတ်ပြီး များသောအားဖြင့် Network gameများ၌ မကြာခဏဖြစ်ပေါ်တတ်ကြောင်း သိရပါသည်။
ထို့အပြင် Virusများ ၀င်ရောက်တိုက်ခိုက်မှုများလာခြင်းနှင့် Processor၏ Cooling Fun/ Heatsink အအေးခံစနစ် မလုံလောက်ခြင်းများကြောင့်လည်း ဖြစ်ပေါ်တတ်ရာ CPUပေါ်သို့ပေးသော အအေးခံစနစ် ကျရောက်မှုနည်းပါးပါက CPUပူလားပြီး Restart ကျခြင်း (သို့) Hangသွားခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
မှတ်ချက်။ ။ Internet Journal မှ ကိုးကားယူ၍ မိမိ၏အတွေ့အကြုံများအား ပူးတွဲတင်ပြလိုက်ပါသည်။
No comments:
Post a Comment