Desktop ကို Hide မယ်
- Posted by antivirus on August 24, 2011 at 1:02pm in ကွန်ပျူတာအကြောင်းလေးတွေ သိသလောက် share ပေးမယ့် အဖွဲ့
- Back to ကွန်ပျူတာအကြောင်းလေးတွေ သိသလောက် share ပေးမယ့် အဖွဲ့ Discussions
အခု ကျွန်တော် တို့  လက်ရှိသုံးနေတဲ့ Desktop ပေါ်က icon ကို hide ချင်တာ ပဲ ဖြစ်ဖြစ် Desktop ကို အခြားတယောက်ယောက်က ချိန်းလို့  မရအောင် လုပ်ချင်တယ် ဆိုရင်တော့ အောက်မှာ ပြောပြပေးထားတဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့် ကြရအောင်
လုပ်နည်း
1. Start > Run > regedit လို့  ရိုက်ထည့်လိုက်ပါ
2. HEY_Current_User > software > Microsoft > windows > currentversion >policies > Explorer စတဲ့ အတိုင်း သွားပြီးတော့ Explorer ကို တွေ့  ရင် double click နှိပ်ပြီးတော့ ဖွင့်လိုက်ပါ
3. ပြီးရင် ညာဘက်ခြမ်း ထဲမှာ Right click ထောက်ပြီးတော့ New > DWORD value ကို click ပါ
4. DWORD valuce ကို New value #1 လို့  တွေ့ မြင်ရပါလိမ့်မယ် အဲဒါလေးကို Rename ပေးပြီးတော့ NoDesktop လို့  ပြောင်းလိုက်ပါ
5. ပြီးရင်တော့ NoDesktop ကို Right click နှိပ်လိုက်ပါ အဲမှာ modify ကို နှိပ်ပါ
6. box လေးကျလာပါလိမ့်မယ် value data နေရာမှာ 1 လို့  ရိုက်ထည့် လိုက်ပါ ပြီးရင်တော့ ကွန်ပျူတာ ကို rests ချလိုက်ပါ အဲဒါဆို ကွန်ပျူတာ ပေါ်မှာ ရှိတဲ့ Icon တွေအကုန်လုံး ပျောက်သွားမှာ ပါ ပြန်လိုချင်တယ် ဆို ရင် ခု နက ကျွန်တော် တို့  ဖြည့် ခဲ့ တဲ့ 1 နေရာမှာ 0 လို့  ပြောင်း ရိုက်ထည့် လိုက်ပါ ဒါဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်

No comments:
Post a Comment