My Computer အတွင်းရှိ Drive များအား Hide လုပ်ခြင်း
ကဲ ဒီဆောင်းပါးလေးကတော့ မိမိရဲ့ကွန်ပျူတာအတွင်းမှာ ပါဝင်တဲ့ Drive တွေကို ဖျောက်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ မိမိရဲ့ အရေးကြီးတဲ့ Drive တွေကို ဖျောက်ထားချင်သပဆိုရင် အောက်မှာဖော်ပြပေးထားတဲ့အတိုင်း စတင် လေ့လာကြစို့နော်။

ပုံ(၁)တွင်တော့ Start>Run မှတစ်ဆင့် gpedit.msc ကို သွားပေးပါ။ ပြီးပါက OK ကို Click နှိပ်ပေးပါ။

ပုံ(၂)တွင်တော့ ပုံမှာဖော်ပြပေးထားတဲ့အတိုင်း သွားပေးပါနော်။ ၎င်းမှတစ်ဆင့် Hide these specified drives in my computer ကို Double Click နှိပ်ပေးပါ။

ပုံ(၃)၌ ၎င်းရဲ့ Properties Box တွင် Enabled အား ရွေးချယ်ပေးပါ။ ပြီးပါက အောက်၌ မိမိဖျောက်ချင်တဲ့ Drives တွေကို မြင်တွေ့နိုင်ပါတယ်။

ပုံ(၄)တွင်တော့ (C) ဆိုတဲ့ Drive တစ်ခုကိုပဲ ဖျောက်ပြပေးပါ့မယ်။ ပြီးပါက Apply နှင့် OK ကိုနှိပ်ပြီး ထွက်နိုင်ပါတယ်။

ပုံ(၅)မှာတော့ Close နှင့် ထွက်ပေးပါ။

ပုံ(၆)တွင်တော့ My Computer အတွင်းမှာ (C) ဆိုတဲ့ Drive မရှိတော့ပါဘူး။
ကဲ ဒါဆို မိမိက (C) ဆိုတဲ့ Drive ကို ပြန်လည်အသုံးပြုချင်ပါက တစ်ခြားသော နည်းလမ်းနှင့် ၀င်ရောက်သုံးစွဲနိုင်ပါတယ်။
online ICT reader မှကူးထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment