Online ကနေ Photoshop သုံးကြရအောင် | Oct 24, '11 1:25 PM for everyone |
Photoshop CS5 လို Software မျိုးကို Install လုပ်စရာမလိုတော့ဘဲ အင်တာနက် ပေါ်ကနေ အသုံးပြုနိုင်ပါပြီ။ အင်တာနက်ဆိုင်မှာ သုံးမယ်ဆိုရင်လည်း Portable Software တွေကို သယ်ယူ သွားနေစရာ မလိုတော့ပါဘူး။ pixlr.com မှာ သင့်ကွန်ပြူတာထဲမှာရှိတဲ့ ဓါတ်ပုံတွေအပြင် အင်တာနက်ပေါ်က ပုံတွေရဲ့ Link ကို တိုက်ရိုက်ထည့်သွင်းပြီး ပြင်ဆင်နိုင်ပါပြီ။ အင်တာနက်ပေါ်က ဓါတ်ပုံတစ်ပုံကို ပြင်ဆင်ကြည့်ရအောင်။ သင့်ရဲ့ Facebook ဒါမှမဟုတ် အခြားအင်တာနက်စာများပေါ်မှ ဓါတ်ပုံများကို အောက်ပါအတိုင်း ပြင်ဆင်ကြည့်နိုင်ပါတယ်။
၁။ ဓါတ်ပုံရဲ့ ပေါ်မှာ Right Click နှိပ်ပြီး View Image ကိုရွေးချယ်ကာ ဓါတ်ပုံရဲ့ Link ကိုရယူပါ။ View Image အောက်နားက Copy Image Location ကိုရွေးချယ်မယ်ဆိုရင် ပိုမိုလွယ်ကူပြီး အောက်ပါ အဆင့်(၂) ကိုကျော်သွားနိုင်ပါတယ်။
၂။ ဓါတ်ပုံကိုတွေ့ပြီဆိုရင် အထက်ပါပုံအတိုင်း မျဉ်းနီတားထားတဲ့ Link ကို Copy ယူပါ (Link ပေါ်မှာ Click တစ်ချက်နှိပ်ပြီးရင် Right Click နှိပ်ပြီး Copy ကိုရွေးပါ)
၃။ ဤနေရာမှ pixlr.com ကိုသွားမယ်ဆိုရင် အထက်ပါပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပြီး မျဉ်းနီတားပြထားတဲ့ Open Image from URL ကိုရွေးချယ်ပါ။
၎။ အထက်ပါပုံအတိုင်း URL box လေးထဲမှာ နဂိုရှိပြီးသား http:// ကိုဖျက်ပြီး Right Click နှိပ် Paste ကိုရွေးလိုက်ပါ။ ပြီးလျှင် OK ကို Click လုပ်ပါမယ်။
၅။ အထက်ပါပုံအတိုင်း မိမိရွေးချယ်ထားတဲ့ ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး ပြင်ဆင်ဖို့ အသင့်ဖြစ်နေပါပြီ။
၆။ ပုံပါအတိုင်း Menu ထဲက Adjustment ကိုကလစ်နှိပ်ပြီး Invert ကိုကလစ်နှိပ်ရွေးချယ်လိုက်ပါ။ ကီးဘုတ်မှ Ctrl+I ကိုနှိပ်လည်းရပါတယ်။
၇။ ပုံပါအတိုင်း အဖြူပေါ်မှာ အမဲနဲ့ခြစ်ထားတဲ့ ပုံကနေ အမဲပေါ်အဖြူ အဖြစ်ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ကာလာပုံတွေကို စမ်းကြည့်မယ်ဆိုရင်တော့ Negative ဖလင်ပေါ်မှာ ပေါ်တဲ့ပုံစံလို ဖြစ်သွားပါလိမ့်မယ်။
၈။ ပုံကို သိမ်းထားဖို့ File Menu ကို ကလစ်နှိပ်ပြီး Save ကို ကလစ်နှိပ်ပါ။
၉။ အထက်ပါပုံအတိုင်း Save Option Box ကျလာပြီဆိုရင် My Computer (မိမိရဲ့ကွန်ပြူတာ)အတွင်း သိမ်းထားနိုင်ဖို့ ကို ရွေးချယ်ထားတာတွေ့ရပါမယ်။ ကွန်ပြူတာအတွင်း မသိမ်းထားချင်ဘဲ Facebook အကောင့်မှာ ဖြစ်ဖြစ် Picasa အကောင့်မှာဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း pixlr.com/ မှာပဲ အကောင့်ဖွင့် Image Library ဆောက်ပြီး သိမ်းထားနိုင်ပါတယ်။
၁၀။ ပုံပါ မျဉ်းနီတားပြ ထားတဲ့အတိုင်း Name: နေရာမှာ မိမိဓါတ်ပုံအမည် ကိုရေး၊ Format မှာ မိမိလိုချင်တဲ့ ပုံအမျိုးအစားကိုရွေး၊ Quality မှာ မိမိရဲ့ပုံအရည်အသွေးကို ရွေးချယ်ပြီး သိမ်းထားနိုင်ပါတယ်။
ဒီပုံလေးကတော့ http://pixlr.com/o-matic/ ကနေ သွားရောက် စမ်းသပ်ကြည့်ထားတာပါ။ မူရင်းပုံကို ခေတ်ဟောင်းဓါတ်ပုံ ပုံစံမျိုးတွေ သွားရောက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။
စမ်းသပ်ပြတဲ့အတွက် ဒီလောက်ပါပဲ။ Pixlr ရဲ့ လုပ်ဆောင်ချက်များကို Android နဲ့ Apple နည်းပညာသုံး ဖုန်းနဲ့ Tablet များမှာလည်း application အနေနဲ့ အခမဲ့ ရယူအသုံးပြု နိုင်ပြီလို့ သိရပါတယ်။
Source : Pixlr
လေးစားခင်မင်လျှက်....
အောင်ကျော်စိုး ( www.aungkyawsoe.co.cc )
့http://punkboystar.multiply. com အစား www.aungkyawsoe.co.cc လိပ်စာလေးနဲ့ လဲ ၀င်ရောက်ကြည့် ရှုလို့ ရပါတယ်ခင်ဗျာ :)

ကွန်နရှင်အခက်အခက်များကြောင့် ပို့ စ်များမတင်ဖြစ်တာ
ခွင့် လွှတ်ပေးကြစေချင်ပါတယ်ဗျာ.....
အောင်ကျော်စိုး ( www.aungkyawsoe.co.cc )
့http://punkboystar.multiply.
No comments:
Post a Comment