Thursday, 22 March 2012


Don’t Sleep (Computer Auto Shutdown Timer)
          ကွန်ပျူတာကို သတ်မှတ်ထားသည့်အချိန်အတွင်း အလိုအလျောက်ပိတ်သွားစေရန် Timer ပေးထား နိုင်သည့် Freeware ဖြစ်ပါသည်။ အထူးသဖြင့် ညဘက်သီချင်းဖွင့်နားထောင်ရင်းအိပ်စက်လိုသူများအတွက် အသုံးဝင်နိုင်ပါသည်။ ထို့အပြင် ကွန်ပျူတာရှေ့ရောက်လျင် ထမင်းမေ့၊ ဟင်းမေ့ အသုံးပြုသူများအတွက် သတ်မှတ်ချိန်ရောက်သည်နှင့် အလိုအလျောက်စက်ပိတ်သွားစေနိုင်သည့်အတွက် အသုံးဝင်စေမည့် Freeware တစ်ခုပင်ဖြစ်ပါသည်။ Filesize 57.5 KB ခန့်သာရှိပြီး ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်ပါသည်။ Portable Freeware တစ်ခုဖြစ်ပြီး Install ပြုလုပ်စရာမလိုပဲ အသုံးပြုလိုသည့်အချိန်တွင် Double Click ဖြင့်ဖွင့်၍ အသုံး ပြုနိုင်သည့်အတွက် ကွန်ပျူတာ၏ Memory Usage ကိုသက်သာစေပါသည်။ Don’t Sleep ကိုအသုံးပြုရန် အတွက် Double Click ဖြင့်ဖွင့်လိုက်သည်နှင့်အောက်ပါအတိုင်းတွေ့မြင်ရပါမည်။

၁။ Exit and Shutdown၊ Disable Blocking၊ Exit and Standby/Hibernation စသည်တို့အနက် နှစ်သက်ရာကို ရွေးချယ်ပေးနိုင်ပါသည်။
၂။ Use Timer ကို Check ပေးရပါမည်။
၃။ ထို့နောက် Timer အောက်ရှိ Date ကိုပြင်ဆင်ပေး၍ အချိန်တွင် ကွန်ပျူတာကိုအလိုအလျောက် ပိတ်လိုသည့် အချိန်ကိုသတ်မှတ်ပေးရပါမည်။
၎။ ထိုအခါ မိမိသတ်မှတ်ထားသည့်အတိုင်း ကွန်ပျူတာသည်အလိုအလျောက်ပိတ်သွားမည်ဖြစ်ပြီး၊ နောက် ထပ် အချိန်မည်မျှအကြာတွင် ကွန်ပျူတာပိတ်သွားမည်ကို ကြည့်ရှုနိုင်ပါသည်။
   
DontSleep.zip
Views: 256
Tags: AutoComputerShutdownSoftware)Timer

No comments:

Post a Comment