Sunday, 29 January 2012

အလွယ်ကူဆုံး Window 7 password ကို ဖျက်နည်း


နည်းတွေက အများကြီးရှိပေမယ့် တချို့သော စာဖတ်သူတွေအတွက်တော့ လုပ်ရတာ မလွယ်ကူဘူး။ အခုပြောမယ့် နည်းလေးကတော့ အရမ်းလွယ်ပါတယ်။
အားလုံးလဲ လုပ်နိုင်မယ့် နည်းလမ်းလေးပါ။


အ၇င်ဆုံး အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။
mediafire

၁) ရလာသော .iso ဖိုင်ကို cd/dvd ထဲသို့ Burn ရမှာဖြစ်တယ်။
( Burn နည်းကတော့ nero သို့မဟုတ် ISO Burner နဲ့ သုံးနိုင်ပါတယ်။
 nero အသုံးပြုသူများဆိုရင် ခဏက ကူးထားတဲ့   ဖိုင်ကို Double click နှိပ်ပါ(Double click နှိပ်လို့မှ nero တက်မလာရင် ကူးထားတဲ့  ဖိုင်ကို right click ထောက်ပြီး open with ကနေ nero express (or) nero burningroom ကိုရွေးပေးလိုက်ပါ)

( iso burner  နဲ့ဆို ပိုပြီး လွယ်ပါတယ်။ မရှိသူများ iso burner ကို ဒီကနေ ယူပြီး၊ run ပေးလိုက်ပါ။
ပြီးသွားရင် mediafire ကနေကူးထားတဲ့ iso ဖိုင် ကို double click နဲ့ ဖွင့်လိုက်ပါ။
iso burner ရှိသောကြောင့် iso burner နဲပဲ ပွင်းပေးသွားမှာပါ။
ဒီအဆင့်ရောက်ရင် မိမိ စက်ထဲကို ခွေထည့်ပြီး burn နိုင်ပါပြီး။)

၂) ရလာသော ခွေကို ခဏက password မေ့နေတဲ့ စက်ထဲထည့်ပြီး၊ boot ဝင်လိုက်ပါ။
 ခဏလေးစောင့်ပြီး

 အောက်ကပုံလေးပေါ်လာမှာ တွေ့ရလိမ့်မယ်။

Next နှစ်ခါနှိပ်ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ်။

Yes ဆိုတာတွေက password ထည့်ထားတဲ့ နေရာတွေပါ။ စာဖတ်သူက Administartor password ကို reset
လုပ်မယ်ဆိုတော့ မိမိရဲ့ ကွန်ပျူတာ name နဲ့ စာကြောင်းကို Double click နှိပ်ပြီး၊ next ကိုနှိပ်လိုက်ပါ။ Reset/Change > yes> desktop မှာ save ပေးလိုက်ပါ။ ပြီးရင် Exit လုပ်ပြီး restart ချနိုင်ပါပြီး။

No comments:

Post a Comment