Monday, 9 April 2012


GMail ကို လှုပ်ရှားမှုနဲ့ ခိုင်းစေနိုင်ပြီ

Category: News — NayOkkar @ 9:00 am
 ကဲကဲ ဘော်ဒါတို့ရေ အင်တာနက်အွန်လိုင်းပေါ်က ကမ္ဘာ့အကောင်းဆုံး Search Engine အဖြစ် ထင်ရှားလှတယ့် Google ကနေ Gmail Motion လို့ခေါ်တယ့် ဎန်ဆောင်မှုတစ်ခု ကိုစတင် စမ်းသပ် အသုံးချခွင့်ပြုလိုက်ပါပြီ။ သူက ကိုယ့် Email ရေးတာတို့ ဖွင့်တာတို့ Reply လုပ်တာတို့ကို ကွန်ပျူတာ Keyboard နဲ့ Mouse ကိုတစ်ချက်လေးမှ မကိုင်ပဲ လှုပ်ရှားမှုနဲ့  ကိုယ့်ကွန်ပျူတာမှာရှိတယ့် Web Cam ကနေတဆင့် စေခိုင်းလို့ရနိုင်အောင် ဆောင်ရွက်ထားပေးတာဖြစ်ပါတယ်။ အောက်က လိပ်စာမှာ သွားကြည့်ပြီး Install လုပ်ရပါမယ်.  အရင်ဦးဆုံးတော့ install လုပ်မယ့် computer က web cam ရှိရပါမယ်။
Login လုပ် တဲ့အခါ ID တွေ Password တွေရိုက်စရာမလိုပဲအသံကို မှတ်သားထားမယ့် voice recognize   စနစ်၊ Face Detection လုပ်တဲ့ စနစ်တွေပါတဲ့ အပြင် စာရေးတာကိုလည်း ပါးစပ်ကပြောတာနဲ့ အလိုအလျောက် လိုက်ရေးပေးမှာ ဖြစ်ပါတယ်။ ဘယ်လိုအမူအရာတွေနဲ့ စေခိုင်းရမယ်ဆိုတာ Video နဲ့ တကွရှင်းပြထားပါတယ်။

No comments:

Post a Comment