Memory Stick ကို Password ပေးရအောင်…..
ကျွန်တော်သဘောကျလွန်းလို့ ဒီအတိုင်းပဲ Copy ကူးပြီး တင်ပေးလိုက်ပါတယ်။ မိတ်ဆွေတို့အတွက် အသုံးကျမယ်လို့ ထင်ပါတယ်။
Windows 7 ကိုတဖြည်းဖြည်းနဲ့လူသုံးများလာ သလို ၊လူကြိုက်လည်းများလာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Windows 7 ရဲ့ ပရိတ်သတ် ဖြစ်နေပါပြီ။အခုနောက်ပိုင်း User အများစုက သူတို့ရဲ့ Memory Stick လေးတွေကို Password လေးတွေ ပေးချင်ကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ MemoryStick ၀ယ်ရင် Password ပေးလို့ရလားဆိုပြီး ခဏခဏမေးသံ ကြားကြားနေရပါတယ်။ ဒီကိစ္စကို Windows 7 မှာ BitLocker ဆိုတဲ့ Function နဲ့ ဖြေရှင်းလို့ရပါတယ်။ ဘာ Software မှသုံးစရာမလိုပါဘူး။ ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တကွအောက်မှာဖေါ်ပြပေးထားပါ တယ်ခင်ဗျာ။
ပထမဦးဆုံးအနေနှင့် မိမိ Password ပေးချင်သော Memory Stick ကို Computer မှာတပ်လိုက်ပါ။ ပြီးရင်Start >> Control Panelကိုသွားပါ။BitLocker Drive Encryption ဆိုတာကိုဖွင့်ပါ။ ပုံမှာ မြင်ရတဲ့အတိုင်း Box ကျလာပါလိမ့်မယ်။
(၁)

အနီရောင်အ၀ိုင်းအကြီးနဲ့ပြထားတာ ကတော့ကျွန်တော်တို့ Password ပေးမယ့် Drive ဖြစ်ပါတယ်။ အနီရောင်အ၀ိုင်းအသေးနဲ့ပြထားတဲ့ Turn on BitLocker ကို Click နှိပ်ပါ။
အနီရောင်အ၀ိုင်းအကြီးနဲ့ပြထားတာ
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေဗျာ။
No comments:
Post a Comment