USB ကို Password နဲ့ ပိတ်လို့ လျှို့ဝှက်ချက်တွေဖွက်ထားမယ်
Memory Stick (USB drive) က အချို့ အချက်အလက်တွေကို ဖျောက်ထားချင် တယ်ဆိုရင် တော့ ဒီ Software လေးက အထောက်အကူပြုလိမ်မယ့်လို့ ယုံကြည်မိပါတယ်။ Software ရဲ့ အမည် က GiliSoft USB Stick Encryption ဖြစ်ပြီး Version က 2.o ပါ။ ဒီ Software လေးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ Blog Subject မှာ ပြောခဲ့ သလိုပဲ USB Stick ကို Partition နှစ်ပိုင်းခွဲ တစ်ပိုင်းကို ပုံမှန်အတိုင်ဆက်သုံးနိုင် ကျန်တစ်ပိုင်း ကို Password နဲ့ ပိတ်ပြီး Data တွေကို ဖျောက်ထားနိုင်ပါတယ် ကဲ ဒါဆို ဘယ်လိုအသုံးပြုရမလဲဆို တာ ဆက်ကြည့်ကြရအောင်။
Install ပြုလုပ်ခြင်း
Install ပြုလုပ်ပြီးသွားရင် အရင်ဆုံး ကိုယ့် ရဲ့ Stick ထဲ မှာရှိနေတဲ့ Data တွေကို သင့်တော်တဲ့ နေရာတစ်နေရာ မှာ ခဏ ရွေ့ထားလိုက်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီ Software က Format ပြန်ချ ပြီး Partition ပိုင်းလိုက်မှာ မို့လို့ပါ၊ကဲ Data တွေ ရွေ့ ပြီးပြီဆိုရင်တော့
Star menu => All Programs => GiliSoft ကနေ Gilisoft USB Stick Encryption Double Click နှိပ်လိုက်ပါ။
Star menu => All Programs => GiliSoft ကနေ Gilisoft USB Stick Encryption Double Click နှိပ်လိုက်ပါ။
ဒါဆိုရင် ရုပ်ပုံ ( ၃ ) မှာ ဖော်ပြထားသလို GiliSoft USB Stick Encryption ကို မြင်တွေ့ရမှာပါ
ရုပ်ပုံ (၁) မှာ ဖော်ပြထားတဲ့
အမှတ်(၁) ကတော့ Memory Stick ရဲ့ စုစုပေါင်း ရရှိနိုင်မယ့် Space (MB) ဖြစ်ပါတယ် ၊ အခုကျွန်တော့် Memory Stick က 2 BG ဖြစ်တဲ့အတွက် 1896 MB အနေနဲ့ ပြနေတာဖြစ်ပါတယ်။
အမှတ်(၂) ကတော့ ကိုယ်ဖွက်ထားမယ့် (Password နဲ့ ပိတ်ထားမယ် Space (MB) ) ဖြစ်ပါတယ်
အမှတ် (၃) ကတော့ ကိုယ်ဖွက်ထားမယ့် (Passwoed နဲ့ ပိတ်ထားမယ် Space (MB) ) ကိုသတ်မှတ်ပေးတဲ့ နေရာပါ၊အဲဒီ Tool လေးကို ရွှေ့ခြင်းအားဖြင်းကိုယ် ဖွက် ချင်တဲ့ Data Space ကို လိုတိုးပိုလျှော့ ပြုလုပ်နိုပ်ပါတယ်။
အမှတ် (၃) အထိ ပြီးသွားပြီဆိုရင်တော့ အမှတ် (၄) ကိုနှိပ် ပြီး Install ပြုလုပ်လို့ရပါပြီ။

ရုပ်ပုံ ( ၃ ) က အဆင့်တွေပြီးသွားရင် ရုပ်ပုံ (၄)မှာ ဖော်ပြထားတဲ့အတိုင်း Secure Data ပြုလုပ်ရန် လိုအပ်တဲ့ အချက်အလက်များ
အမှတ် (၁) User name (Login ပြန်လည်ဝင်ရောက်တဲ့ အခါမှာ အသုံးပြုရန် )
အမှတ် (၂) Password (မိမိ ကြိုက်နှစ်သက်ရာ Password ကိုပေးနိုင်ပါတယ်)
အမှတ် (၃) Confirm Password (အထက်ပါ Password ကို နောက်တစ်ပြန်လည်ရိုက်ထည့်ပါ)
အမှတ် (၄) အားလုံးပြီးသွားလို့ OK ကို Click နှိပ်လိုက်ပါ။

အဲဒီနောက် ရုပ်ပုံ ( ၅) မှာ ဖော်ပြထားတဲ့ အတိုင်း Data တွေကို backup လုပ်ထားဖို့ သတိပေးချက်ကို တွေ့ရမှာပါ
ကျွန်တော်တို့ ကတော့ ရှေ့ အဆင့် မှာ ကတည်း ကြိုလုပ်ထားပြီးသားမို့ Yes ကိုနှိပ်ပြီး Install လုပ်လိုက်ပါ၊
ကျွန်တော်တို့ ကတော့ ရှေ့ အဆင့် မှာ ကတည်း ကြိုလုပ်ထားပြီးသားမို့ Yes ကိုနှိပ်ပြီး Install လုပ်လိုက်ပါ၊
ရုပ်ပုံ ( ၆ ) မှာ မြင်နေရတဲ့အဆင့်ကတော့ USB တစ်ခုလုံးကို Format ချပြီး Partition ပိုင်းခြင်း နဲ့ Install ပြုလုပ်နေတဲ့ အဆင့်ဘဲဖြစ်ပါတယ်။
အဲဒီ အဆင့်ပြီးသွားရင်တော့ မိမိ ရဲ့ Memory Stick ထဲမှာ agent.exe ဆိုတဲ့ application တစ်ခု ကို ရုပ်ပုံ ( ၇) မှာ ပြထားတဲ့ အတိုင်းCreate လုပ်ထားတာတွေ့ရမှာပါ
ရုပ်ပုံ (၈) agent.exe ကို Double Click နှိပ်လိုက်တဲ့ အချိန်မှာ ကျွန်တော့် တို့ Register မလုပ်ရသေးတဲ့ အတွက် ကျွန်တော်ပေးထားတဲ့ Serial လေးကိုကူးထည့်ပေးပြီး Register ကိုနှိပ်လိုက်ပါ။
ရုပ်ပုံ ( ၇ ) မြင်နေရတာကတော့ ခုနတုန်းကကျွန်တောတို့ရိုက်ခဲ့တဲ့ Password ကိုရိုက်ထည့်
ပေးရမှာဖြစ်ပါတယ်။ Serial Key ထည့်ပြီးတဲ့အတွက် Full Version ဖြစ်သွားပါပြီ။
Register လုပ်စရာမလိုတော့ပါဘူး။ Open ကိုနှိပ်ပေးပါ။
ပေးရမှာဖြစ်ပါတယ်။ Serial Key ထည့်ပြီးတဲ့အတွက် Full Version ဖြစ်သွားပါပြီ။
Register လုပ်စရာမလိုတော့ပါဘူး။ Open ကိုနှိပ်ပေးပါ။
Open နှိပ်ပြီးသွားရင်တော့ Secure Area (Z:\) ဆိုတဲ့ နောက်ထပ် Partition တစ်ပိုင်း ထပ်ပေါ်လာပါပြီ။ အဲဒီ Partition (Z:\) ထဲမှာ မိမိ လျှို့ဝှက်စွာ သိမ်းထားချင်တဲ့ Data များကိုသိမ်းဆည်းနိုင်ပါတယ်။ agent.exe ရှိတဲ့ အပိုင်းကတော့ ပုံမှန် Data တွေ လျှို့ဝှက်ချက်မရှိတဲ့Data တွေကိုသိမ်းဆည်းထားနိုင်ပါတယ်။
တစ်ခု သတိပြုဖို့ကတော့ မိမိ ဖွက်ထားချင်တဲ့ (Z:\) အပိုင်းလေးကို ပြန်ပြီး ပိတ်ချင်တယ်ဆိုရင်Window ညာဘက်နှားမှ Secure Data Icon ကို Right နှိပ်ပြီး Close Secure Area (Z:\) ကို နှိပ်ပေးပါ။ Exit ကတော့ USB တစ်ခုလုံးကို ပိတ်လိုက်တာဘဲဖြစ်ပါတယ်။သေချာနားလည်အောင်ပြောရရင်တော့ USB မှာရှိတဲ့ Partition နှစ်ပိုင်းလုံးကို ကွန်ပြူတာကနေ ပိတ်လိုက်တာဘဲဖြစ်ပါတယ်။Save Remove Hardware ပုံစံမျိုးပါဘဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့USB ကို နှစ်ပိုင်းပိုင်းပြီးတစ်ပိုင်းမှာData တွေဖွက်ထားတဲ့ လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။
ရုပ်ပုံ ( ၁၃ ) Secure Area (Z: ) ကို ပြန်ပိနတ်ခြင်း နှင့် Memory Stick တစ်ခုလုံးကို Window မှ အ ပြန်ဖြုတ်ခြင်း
ဒီ Software လေးကတစ်ကြိမ်တည်း Installလုပ်ရုံနဲ့ ဘယ်ကွန်ပြူတာမှာမဆို အသုံးပြုနိုင်ပါတယ်။ USB တော်တော်များများနဲ့လည်းအဆင်ပြေပါတယ်။ Window XP , Vistaနဲ့ Window 7 သုံးမျိုးစလုံးမှာသုံးနိုင်ပါတယ်။
Download Link
ဒီ Software ကို မသုံးချင်တော့ဘူးဒါမှမဟုတ် Password ပြန်ပြောင်ချင်တယ်ဆိုရင်တော့ ရုပ်ပုံ (၃) မှာ ပြထားခဲ့တဲ့ အတိုင်း Sofware ကို ပြန်ခေါ်ပြီး Password ပြောင်းခြင်း ၊ uninstall ပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
Uninstall မလုပ်ခင် Data တွေကို Backup လုပ်ထားဖို့ သတိပေးပါရစေ။

No comments:
Post a Comment