Youtube ကနေဘာ Software မှမလိုပဲ Video နှင့် Music များကို Direct ဒေါင်းလော့လုပ်နည်း
ကျွန်တော်တို့ Youtube ကနေ Video နဲ့ သီချင်းများကို IDM (Internet Download Manager) သို့ Youtube Video Downloader အစရှိတဲ့ Software များ အသုံးပြုပြီးမှ Download လုပ်လို့ရပါတယ်။ အခုတင်ပြမယ့်နည်းလမ်းက နေ ဘာ Software မှ မလုပ်ပဲ Direct Download ပြုလုပ်နည်းပါပဲ.။ တစ်ခုပြောချင်တာက တော့ Mozilla Firefox နဲ့မှ အဆင်ပြေပါလိမ့်မယ်။ တစ်ခြား Webrowser အသုံးပြုရင်တော့ မရပါဘူး။ စိတ်ဝင်စားရင် အောက်က အဆင့်အတိုင်း သာ လိုက်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ဘာမှတော့ မခက်ခဲပါဘူး..။လွယ်ပါတယ်။ ကဲ..စမယ်နော်...
ပထမဦးဆုံး Mozilla Firefox ကိုအရင်ဖွင့်ပါ။ ပြီးရင် ဒီနေရာ က တစ်ဆင့် အောက်က ပုံအတိုင်း grease monkey addon ကို Download လုပ် ပြီး Install လုပ်ပေးပါ။
ပြီးသွားပြီဆိုရင် Mozilla ကိုပိတ်ချလိုက်ပါ။ ထို့နောက် Mozilla ကိုပြန်ဖွင့်လိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ဒီနေရာလေး ကိုထပ်သွားပြီး script ကိုအောက်က ပုံအတိုင်း Install ပြုလုပ်ပေးလိုက်ပါ။
အထက်ပါ အဆင့်အတိုင်း ပြီးသွားပြီဆိုရင်တော့ Mozilla Firefox ကို Restart (သို့) ပိတ်လိုက်ပါ။ ပိတ်ပြီးရင် ပြန်ဖွင့်လိုက်ပါ။ ပြန်ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Youtube ထဲက မိမိကြိုက်နှစ်သက် တဲ့ သီချင်း ဒါမှ မဟုတ် ရုပ်ရှင် ကို ရှာလိုက်ပါ။ ရှာပြီးပြီဆိုရင်တော့ Video ဒါမှမဟုတ် သီချင်းများရဲ့ အောက်မှာ Download ဆိုပြီး ပုံမှာ ပြထားတဲ့အတိုင်းပေါ်လာပါလိမ့်မယ်
Download မပေါ်လာသေးရင် ပေါ်တဲ့အထိစောင့်ပါ ။
ပုံမှာ ပြထားတဲ့အတိုင်း Download ရဲ့ဘေးကမျှားလေး ကို
နှိပ်ပြီးပြီဆိုရင် အောက်ကပုံအတိုင်း သင်ဒေါင်းလော့လုပ်မယ့် သီချင်းရဲ့ Format များ ကိုတွေ့ရပါလိမ့်မယ်။ ကဲ...အဲထဲက မှ ကိုယ်ကြိုက်တဲ့ Format အမျိုးအစားကိုရွေးပေးပြီး ဘာ Software မှ မလို ပဲ Direct ဒေါင်းလော့ လုပ်လို့ရသွားပါပြီခင်ဗျာ..။
အားလုံးပဲ အဆင်ပြေကြပါစေ........
No comments:
Post a Comment