Ubuntu 11.10 ကိုသုံးပြီး တစ်မိနစ်အတွင်း Wifi Hotspot ဖန်တီးကြမယ်…
ကျနော်တို့ဟာ မိမိရဲ့ကွန်ပျူတာကို WIFI Hotspot အဖြစ်ပြောင်းလဲရန် Windows မှာဆို သီးသန့် Software တွေကို အသုံးပြုကြရပါတယ်။ Wifi Hotspot ဆိုသည်မှာ မိမိတို့ရဲ့ Wireless Device တွေကို Access Point တစ်ခုအနေနဲ့လုပ်ဆောင်ပေးနိုင်ကြောင်းကို အားလုံးသိရှိပြီးဖြစ်မှာပါ။ Access Point တစ်ခုကို ဗဟိုပြုပြီး Wireless အဆက်အသွယ်ရှိတဲ့ အခြားသော Device တွေဟာ သီးခြား Network တစ်ခုကို ချိတ်ဆက်နိုင်ကြောင်းကိုလဲသိရှိပြီးဖြစ်မှာပါ။ Ubuntu 11.10 ကတော့ အသုံးပြုသူတွေရဲ့ကွန်ပျူတာကို Wifi Hotspot အဖြစ်ပြောင်းပေးနိုင်သည့် အလွယ်ကူဆုံးနည်းလမ်းကို မည်သည့် Application (သို့) Software မှထည့်သွင်းစရာမလိုအပ်ဘဲအသုံးပြုနိုင်အောင်ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် အဆင်သင့်ပါဝင်ပြီးသား Wifi Hotspot Application ကို စတင် Configure လုပ်ကြည့်ကြရအောင်ဗျာ….
၁) ပထမဆုံး ပုံမှာပြထားသည့်အတိုင်း Network Setting > Wireless ကိုသွားပါမယ်။
၂) “Use as Hotpot” ဆိုတာကို Click လိုက်ပါ။ ချက်ချင်းဆိုသလိုပဲ SSID တစ်ခုနဲ့ Hotspot ကို ဖန်တီးလိုက်ပြီးကို တွေ့ရပါလိမ့်မယ်။ ဒါကို Configure လုပ်ချင်တယ်ဆိုရင်အောက်ပါပုံကိုကြည့်လိုက်ပါ။
- Connection Name ကိုပြောင်းလဲမယ်ဆိုရင် ပုံပါအတိုင်း “1” နေရာမှာ ပြောင်းပါ။
- Hotspot ကို Security ထားမယ်ဆိုရင် “2” နေရာကိုနှိပ်လိုက်ပါ။
- SSID ပြောင်းချင်ရင် “3” နှင့်
- MAC Address ကိုပြောင်း(သို့) Clone လုပ်ချင်တယ်ဆိုရင် “4” နေရာတို့မှာ အသီးသီးဖြည့်စွက်ပြောင်းလဲနိုင်ပါတယ်။
၃) Wireless Security ကို Configure လုပ်ရန် အောက်ပါပုံအတိုင်း မိမိဆန္ဒရှိရာ Security Mode ကို ရွေးချယ်ပြီး စိတ်ကြိုက် Password ပေးထားနိုင်ပါတယ်။ ဒါဆိုရင်တော့ မိမိအသုံးပြုနေတဲ့ Ubuntu 11.10 ကို Wifi Hotspot အနေဖြင့် Configure လုပ်နိုင်၊ ထိထိရောက်ရောက်အသုံးပြုနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျား…အဆင်ပြေပါစေ…..
အမူရင်းလင့်က ဒီမှာ ပါ။
No comments:
Post a Comment