သင့်ရဲ့မျက်နှာကို window password အဖြစ်ပြောင်းလဲပေးမယ့် Luxand Blink software
သင့္ကြန္ပ်ဴတာကိုစဖြင့္မည္ဆိုလ်
သင့်ရဲ့ user name ကိုရွေးပြီးတော့ သင့် password တွေကိုရိုက်ထည့်ပြီး log
in လုပ်ရပါတယ်။ အကယ်၍ သင်ရိုက်ထည့်သော password ကမှားနေပြီဆိုလျှင် windowကပွင့်မှာမဟုတ်သလို၊ အဆင်မသင့်လျှင် service centerကိုပြေးရပါမယ်။ ယခုတင်ပြမယ့် ဆော့(ဖ်)ဝဲကတော့ မည်သည့် password ကိုမှရိုက်ထည့်စရာမလိုပဲ၊ သင့်မျက်နှာကိုမြင်တာနဲ့ သင့်ကွန်ပျူတာက သင့်ကို log inလုပ်ပေးသွားမှာပါ။ Face recognition လို့ခေါ်တဲ့နည်းပညာနဲ့ ဖန်တီးထားတဲ့ ဒီ Luxand Blink
software ကို install လုပ်ပြီး၊ run at window startup ကိုရွေးပေးလိုက်ရင်
သင့် window ဖွင့်တိုင်းမှာ password များကိုရိုက်ထည့်စရာမလိုပဲ
သင့်ကွန်ပျူတာ web cam ကိုကြည့်လိုက်တာနဲ့ သင့် window ကပွင့်သွားမှာပါ။ User တစ်ယေက်ထက်ပိုပြီးလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုထားတဲ့ historyကိုပြန်ကြည့်လို့ရသလို၊ အခြားသူတစ်ယောက်က log in လုပ်ဖို့ ကြိုးစားရာမှာ fail ဖြစ်ခဲ့လျှင်လည်း၊ ထိုသူရဲ့မျက်နှာကို သင့် web cam မှမှတ်တမ်းတင်ထားမှာပါ။
Luxand Blink exe file ကို download လုပ်ပြီးလျှင် run ပါ။ ပြီးလျှင် သင်အသုံးပြုမယ့် web cam ကိုရွေးချယ်ပါ။ ၎င်းဆော့(ဖ်)ဝဲ၏ အကူအညီနှင့် Configureတစ်ခါတည်းလည်းလုပ်နိုင်ပါတယ်။ Install လုပ်သည့်အချိန်မှာ Configure မလုပ်ခဲ့ပါလျှင် task bar မှာရှိတဲ့ Luxand Blink icon ပေါ်မှာ right click နှိပ်၍ settingကိုရွေးပါ။ ပြီးလျှင် register my face မှာ Remember ရွေးပြီးလျှင် သင့်မျက်နှာကို register လုပ်ပါ။ Register လုပ်ရာမှာ သင့်မျက်နှာကို ဘေးဘယ်ညာသို့ဝဲပြီးသင့် web cam ကိုမှတ်မိအောက်ပြပါ။ ပြီးလျှင် save လုပ်ပါ။ ထို့နောက် Enable ကိုနှိပ်၍ အသုံးပြုနိုင်ပါပြီ။ နောက်တစ်ကြိမ် သင်ကွန်ပျူတာကို ဖွင့်တာနဲ့ သင့်password ကိုရိုက်စရာမလိုပဲ၊ သင့်မျက်နှာကို web cam မှာကြည့်တာနဲ့
သင့်ကွန်ပျူတာက log in လုပ်သွားပါလိမ့်မယ်။ window 7 နှင့် Vistaများမှာအသုံးပြုနိုင်ပါတယ်။
DOWNLOAD
No comments:
Post a Comment